Source text in English |
Winning entries could not be determined in this language pair.There were 5 entries submitted in this pair during the submission phase. Not enough votes were submitted by peers for a winning entry to be determined.Competition in this pair is now closed. |
ဘာသာပြန်ဆရာရဲ့ အိပ်မက်ဆိုး ကျွန်မ စပြင်ရင်း သဘောပေါက်လာမိတယ်။ ဒါဟာ ကလေးပေါက်စန လက်ဆော့ထားသလိုပဲ စုတ်ပြတ်သတ်နေတဲ့ အမှိုက်သာသာ စာတွေ ဖြစ်နေတယ်ဆိုတာ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မ အကောင်းဆုံး ဘာသာပြန်ပြီး ပို့ပေးလိုက်ပါတယ်။ ဒါပေမယ့် ကျွန်မရဲ့ ဖောက်သည်က ကျွန်မ ပြန်ထားတဲ့ စာကို ခပ်ပိန်းပိန်း စာမတတ်တဲ့ အယ်ဒီတာ လက်ထဲ အပ်လိုက်တယ်။ ကျွန်မရဲ့ အကောင်းဆုံး အားထုတ်ဘာသာပြန်ထားတာတွေ ပျက်ကုန်တာပါပဲ။ ပြီးတော့ ဒီ စုတ်ပြတ်နေတဲ့ စာကို ကျွန်မ နာမည်ကြီးနဲ့ သူတို့က အွန်လိုင်းကနေ ဖြန့်ဝေလိုက်ပါလေရော။ | Entry #30085 — Discuss
|
ဖြစ်ရပ်မှန် ကြောက်လန့်ဖွယ်ရာ ဇာတ်လမ်းများ ငါ စပြီး ဘာသာပြန်မယ်လုပ်တော့မှ အရေမရ အဖတ်မရ အဓိပ္ပာယ်မရှိ ရေးထားတဲ့ အမှိုက်တွေပါလား ဆိုတာ သိလိုက်ပါရတယ် ကဲပါ ထားလိုက်ပါလေ ဆိုပြီး ငါလည်း ကောင်းကောင်းမွန်မွန် ဘာသာပြန်ပေးလိုက်ပါတယ်၊ ဒါပေမဲ့ ဘာသာပြန်အပ်တဲ့သူက ငါ့ရဲ့ ရှယ်ဘာသာပြန်ကိုမှ စာမတတ်ပေမတတ် ဘယ်က ကလေကဝ ကိုလည်း မသိဘူး စစ်ပြီး ပြင်ခိုင်းတယ်လေ။ ဟိုက အဲ့မယ် ငါဘာသာပြန်ထားတာကို ဖျက်စီးလိုက်ပါလေရော ပြီးတော့ လိုင်းပေါ်မှာ အဲ့ပြင်ထားတဲ့ ဘာသာပြန်ကြီးကို ငါ့နာမည်ကြီးနဲ့ တင်ထားသတဲ့။ | Entry #30032 — Discuss
|
ကျွန်မ ပြန်သုံးသပ်ကြည့်တာလေ အဲ့တာ "ဂါဂယ်" ကစွန့်ထုတ်လိုက်တဲ့ အညစ်အကြေးပုံကြီးရှင့် ဘာပဲဖြစ်ဖြစ် ကျွန်မ ပြီးပြည့်စုံတဲ့ ဘာသာပြန်တစ်ခုဖြစ်အောင်လုပ်ပေးလိုက်ပါတယ်။ ဒါပေမဲ့ အလုပ်အပ်တဲ့သူက ကျွန်မရဲ့ လက်ရာကောင်းလေးကိုလေ စာမတတ်တဲ့ ငနဲကို ပြင်ခိုင်းလိုက်တာ လက်ရာ ချာတူးလန်သွားတာပဲ ပြီးတော့လေ သူတို့က အဲ့ဘာသာပြန်အပျက်ကြီးကို ကျွန်မနာမည်နဲ့ အွန်လိုင်းမှာတောင် တင်လိုက်သေးတာ | Entry #30145 — Discuss
|
ဘာသာပြန်တစ်ခုကို ပြန်စစ်ရတော့ အဲ့ဒါက Gurgle ကနေ ထုတ်ပေးလိုက်တဲ့ တလွဲဘာသာပြန်ကြီး ဖြစ်နေတာ ဒါပေမယ်လည်း ပြန်စစ်ပြီး အကောင်းဆုံး ဘာသာပြန်ကို ပြန်တင်ပေးတာ ဒါပေမယ့် တင်လိုက်တဲ့ ဘာသာပြန်စာကို တခြားတစ်ယောက်ကို ပြန်စစ်ခိုင်းပြီးတော့ တစ်လွဲစာလုံးတွေ ပြန်သုံးလိုက်ပြန်ရော နောက်ဆုံး စစ်ပြီး ပြန်ပြင်လိုက်တဲ့ တစ်လွဲအဓိပ္ပာယ်နဲ့ ဘာသာပြန်စာကို ကျွန်တော်က ဘာသာပြန်သူပါဆိုပြီး နာမည်သုံးထုတ်လိုက်ကြတယ်။ | Entry #30061 — Discuss
|
ကျွန်မ စတည်းဖြတ်တော့ အဲဒီမှာ အမှိုက်တွေဆိုတာနဲတာမဟုတ်ဘူး၊ ပွက်လောထနေတာကိုတွေ့တယ်။ ဘယ်လိုဘဲဖြစ်ဖြစ်၊ ကျွန်မက အကောင်းဆုံးဘာသာပြန်တစ်ခုကို ပို့ပေးလိုက်ပါတယ်… ဒါပေမဲ့ အလုပ်အပ်တဲ့သူက ကျွန်မရဲ့ ခြောက်ပြစ်ကင်းတဲ့အလုပ်ကို ဖျက်ဆီးပစ်မယ့် စာမတတ်တဲ့ငတုံးတစ်ယောက်ကို တည်းဖြတ်ခိုင်းလိုက်တယ်။ ပြီးတော့ သူတို့က ကျွန်မရဲ့ အပြစ်အနာအဆာတွေရှိနေတဲ့ ဘာသာပြန်ကို ကျွန်မနာမည်နှင့် အွန်လိုင်းမှာထုတ်ဝေလိုက်တယ်လေ။ | Entry #29434 — Discuss
|